မိုင်းယောင်းမြို့၌ တောမီးမရှို့ရန် အသိပညာပေးဟောပြော

မိုင်းယောင်း ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာလျော့ချနိုင်ရေးအတွက် မီးခိုးမြူငွေ့ကင်းစင်ရေး တောမီးမရှို့ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ဝမ်မန်းအုပ်စု၊ ဝမ်ရှဲန်းကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစိုးပိုင် ဦးဆောင်သော ဒေသအတွင်းမီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စများမဖြစ်ပေါ်စေရေး ကွင်းဆင်းစိစစ်ရေးအဖွဲ့က ဒေသတွင်းတောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများမပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များမဖြစ်ပေါ်စေရေး၊ ငါးရှော့တိုက်ခြင်းများမပြုလုပ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး မီးတားလမ်းကိုလည်း အကျယ် ၁၆ပေခန့် ပြုလုပ်ထားရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ဟောပြောခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)