လားရှိုး ဒီဇင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လွတ်လပ်ရေးပန်းခြံတွင် ပုံဆွဲနှင့်ဆေးရောင်ခြယ်ဝါသန ပါသည့် ကလေးငယ်များအတွက် ထုံးရုပ်ထုများတွင် ဆေးရောင်ခြယ်နိုင်ကြောင်း သိရသည်။
ရောင်စုံဆေးရောင်ခြယ်ခြင်းကို ကလေးများအတွက် ထုဖြင့်ပြုလုပ်ထားသည့် ရုပ်ထုများပေါ်တွင် မိမိကြိုက်နှစ်သက်ရာ စိတ်ကူးများအတိုင်း ဆေးရောင်ခြယ်နိုင်ကြောင်း သိရသည်။
“ကလေးတွေ ပန်းခြံထဲ အပန်းဖြေ အနားယူဖို့ လာတဲ့အခါ သူတို့လေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ဖို့၊ အနုပညာအမြင်ရင့်သန်ဖို့၊ တိတ်ဆိတ်အေးချမ်းစွာနဲ့ မိမိတို့ရဲ့ဝါသနာကို တီထွင်ဖန်တီးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဆိုင်လေးကို ဖွင့်လှစ်ဖြစ်တာပါ။” ဟု ဆေးရောင်ခြယ်ဆိုင်ဖွင့်လှစ်သည့် ပိုင်ရှင်ကပြောသည်။
ကလေးငယ်များ မိမိတို့၏ ဝါသနာပါရာ ဆေးရောင်ခြယ်ခြင်းကို အရုပ်များကို သုံးထောင်ကျပ်မှ တစ်သောင်းကျပ်ထိ ဝယ်ယူပြီး ဆေးရောင်ခြယ်နိုင်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)