နတ်တလင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်

နတ်တလင်း ဒီဇင်ဘာ  ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းပပျောက်ရေးအတွက် ကွင်ဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်မင်းထွေး ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး ဝန်ထမ်းများမှ ဌာနပိုင် ထရန်စဖော်မာများ၊ ပုဂ္ဂလိကပိုင် ထရန်စဖော်မာများ၊ ပါဝါမီတာနှင့် အိမ်သုံးမီတာများအား စစ်ဆေးဆောင်ရွက်ခဲ့ပြီး မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် အပတ်စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာထံမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)