သရက်မြို့ ပြည်သူ့ဆေးရုံတွင် နိုင်ငံဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသမှုများ ဆောင်ရွက်ပေး

သရက် ဒီဇင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချိုဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း ဆေးကုသပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ စစ်ဆေးပေးလျက်ရှိပြီး ယမန်နေ့ နံနက်(၉:၃၀)နာရီက ခရိုင် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် ဝန်ထမ်းအငြိမ်းစားများအား ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးက ကြီးကြပ်မှု့ဖြင့် လက်ထောက်ဆရာဝန်များ၊ သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးချို၊ ဆီချိုရောဂါစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီးလိုအပ်သည့် ဆေးဝါးများကို အခမဲ့ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)