ရွှေတောင် ဒီဇင်ဘာလ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းဦးစီး၍ အထက်အဆင့်ဆင့်၏ လမ်းညွှန်မှုများကိုခံယူလျက် ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးရှိ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များမှ မြို့နယ်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၈) နာရီအချိန်က ပြည်တောင်တန်းရေနံမြေရှိ ၀န်ထမ်းများအား မီးဘေးအသိပညာပေး ဟောပြော၊ သရုပ်ပြသခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် မီးသတ်ဆေးဘူးဖြင့် လက်တွေ့ကိုင်တွယ်ငြိမ်းသတ်ခြင်း၊ မီးသတ်ယာဉ်များဖြင့် လက်တွေ့ငြိမ်းသတ်သရုပ်ပြသခြင်းများအား ပြည်တောင်တန်းရေနံမြေရှိ သီးသန့်မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ပူးပေါင်းဆောင်ရွက် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)