ဂန့်ဂေါ ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးဝန်ထမ်းများ၏ လုံခြုံရေးနှင့် ဌာနဆိုင်ရာရုံးများ၏ လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ မြေယာပိုင်ဆိုင်မှုရရှိရေး အမြန်ဆောင်ရွက်သွားကြရန်၊ လျှပ်စစ်မီတာခများကို ပြည်သူများအနေဖြင့် ပေးဆောင်လာခြင်းများကို ယခင်ထက်တွေ့မြင်ရကြောင်းနှင့် ကျေးရွာပြည်သူများ လျှပ်စစ်မီတာခ လာရောက်ပေးဆောင်နိုင်ရန် ကြိုးစားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ကွင်းဆင်းဆောင်ရွက်ကြရန် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုံခြုံရေးကိစ္စကို အထူးကြပ်မတ် ဆောင်ရွက်သွားကြရန်၊ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက နိုဝင်ဘာလ တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု အခြေအနေများ၊ ဌာနလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ကြုံတွေ့နေရသည့် လုပ်ငန်းအခက်အခဲများကို ဆွေးနွေး တင်ပြခဲ့သည့်အပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ဖြည့်ဆည်းညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)