ရွှေတောင် ဒီဇင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာ "ရွှေတောင်ဘိုးဘွားရိပ်သာ"တွင် ယနေ့နံနက်ပိုင်းက တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊အမှတ်(၆) တပ်မတော်ဆေးရုံ (ခုတင်- ၁၀၀) နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ဆေးကုသရာသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ ဇနီး ဒေါ်အေးပပလင်းနှင့် တပ်မတော် ဆေးရုံ (ခုတင်- ၁၀၀)ရှိ အရာရှိစစ်သည်များ၊ အထူးကုသမားတော်များ၊ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပြီး ဒေသကွပ်ကဲရေးမှူးမှ ဘိုး/ဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေတို့အား ကြည့်ရှုအားပေးခဲ့ပြီး ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ ဇနီးဒေါ်အေးပပလင်း မိသားစုမှ အလှူငွေ (၂၈၅၀၀၀ိ/-) ကျပ်၊ ကြက်ဥ (၁၇၀) လုံး၊ အချိုရည် (၁၇) ဘူး၊ နို့မှုန့် (၁၇)ထုပ်၊ ဘီစကွတ်မုန့် (၁၇) ထုပ်တို့အား လှူဒါန်းခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဘိုးဘွားများ နေ့လယ်(၁)နပ်စာ (၇၀၀၀၀ိ/-)ကျပ်နှင့် ငွေပဒေသာပင် (၃၀၀၀၀ိ/-)ကျပ် စုစုပေါင်း (၁၀၀၀၀၀ိ/)၊ ဗိုလ်မှူးသက်ဦးအောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်- (၁)မှ ဘိုးဘွားများအတွက် အလှူငွေ (၂၂၀၀၀၀ိ/-) ကျပ် ပေးအပ်လှူဒါန်းခဲ့ပြီး ဒေသကွပ်ကဲရေးမှူးမှ "ရွှေတောင်ဘိုးဘွားရိပ်သာ"ရှိ ဘိုးဘွားများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အခြားလိုအပ်သည်များအား ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန် / ဆက်)