တန့်ယန်းမြို့နယ်တွင် ဉာဏ်တော် ၉ ပေရှိ မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီး ပင့်ဆောင်ပူဇော်

တန့်ယန်း ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် သာသနာ့ဟိတကာရီ ဗိမာန်ဓမ္မာရုံသစ်ကြီးတွင် အပူဇော်ခံထားရှိမည့် ဉာဏ်တော် ၉ ပေရှိ မဟာမြတ်မုနိရုပ်ပွားတော်မြတ်ကြီး ကြိုဆိုပင့်ဆောင်ပူဇော်ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ ကြိုဆိုပင့်ဆောင်ပူဇော်ပွဲတွင် ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာ တော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလ၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝိစိန္တာနှင့် ဆရာတော်ကြီးများ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်နိုင်ဦးနှင့် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝတ်အသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်များမှ ပြည်သူများက မြို့ဝင်မုခ်ဦးမှတဆင့် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း ရုပ်ပွားတော်မြတ်ကြီး ကိန်းဝတ်အပူဇော်ခံမည့် အမှတ်(၂) ရပ်ကွက်ရှိ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် သာသနာ့ဟိတကာရီဗိမာန်ဓမ္မာရုံသစ်ကြီးသို့ ကြိုဆိုပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)