သတင်းများ

ပန်းတောင်းမြို့လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Book Club နှင့် စာဖတ်ဝိုင်းကျင်းပ
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး
Oct 13,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကူသပိတ်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအခြေအနေနှင့် ယာယီမြေထိန်းနံရံတည်ဆောက်နေမှုအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၂၅၀ ခန့်ဖြင့် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယာယီမြေထိန်းနံရံဆောင်ရွက်နေသူများအား ဆီ ၅ ပိဿာနှင့် ကြက်ဥ ၃၀၀ လုံး ပေးအပ်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း(ဘုရားကြီး)ရှိ ကျောင်းသား၊ကျောင်းသူများအား တိုင်းရင်းဆေးအသိပေးခြင်းကွင်းဆင်းကုသပေးခြင်း ဆောင်ရွက်
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အထက(ဘုရားကြီး)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများမျက်စိနာခြင်း၊ မျက်မြှေးရောင်ခြင်းများဖြစ်ပွားနေသောကြောင့် ထိုသို့မဖြစ်အောင် ရှောင်ရန်ဆောင်ရန်များ အသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အထက(ဘုရားကြီး)ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေးမြို့နယ် အ.မ.က(မူလွန်)အိုးဘိုအရှေ့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတပြည့်စုံရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့နေ့လယ် ၁နာရီခွဲအချိန် က အိုးဘိုအရှေ့ရပ်ကွက်၊ အခြေခံပညာမူလတန်း (မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Oct 13,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာမြင့်မားရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကိုင်းရှည်၌ ကျင်းပပြုလုပ်သည်။
ရက်ချိန်းပေးစနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့သော ယာယီနယ်စပ်ဖြတ်သန်းသွားလာရေးလက်မှတ် (TBP)များဖြင့် ဝင်ရောက်နေမှုတွင် သတ်မှတ်အချိန်၌ အမှတ်စဉ်အတိုင်းသာ ဝင်ရောက်ရန် အသိပေး
Oct 13,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်နယ်စပ်မြို့ရှိ မြန်မာ-တရုတ်နှစ်နိုင်ငံဖြတ်သန်းသွားလာရေးဂိတ်များဖြစ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့တွင် ရက်ချိန်းပေးစနစ်ဖြင့် ပြုလုပ်ဆောင်ရွက်ပေးခဲ့သော ယာယီနယ်စပ်ဖြတ်သန်းသွားလာရေးလက်မှတ်(TBP)များဖြင့် ဝင်ရောက်နေမှုတွင် ယမန်နေ့ နံနက်(၉း၀၀) အချိန်က ဆင်ဖြူဂိတ်၌ ခရိုင်ဦးစီးမှူးမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် မိဘပြည်သူများအား ဂိတ်စတင်ဖွင့်ချိန်တွင် သတ်မှတ်ရက်နေ့၌ အမှတ်စဉ်အတိုင်းသာ ဝင်ရောက်ရန် သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရရှိစေရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှတစ်ဆင့် အသိပညာ၊ ဗဟုသုတတိုးပွားရရှိစေရေး ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၄) အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကွင်းဆင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ကျင်းပ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ရွှေရောင်တော်နှင့် ကျောက်စံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)များတွင် လူငယ်အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။