တာမွေမြို့နယ်တွင် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အခမ်းအနားကျင်းပ
Oct 13,2023
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် မျက်စိရောဂါအထူးကုဆေးရုံကြီးရှိ အမျိုးသား မျက်စိဘဏ်(ရန်ကုန်)၌ ယမန်နေ့နံနက်(၉)နာရီအချိန်က ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ (World Sight Day) အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးလှသိန်း၊ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မျက်စိရောဂါအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။