သတင်းများ

ညောင်တုန်းမြို့နယ်တွင် အမျိုးသမီးကော်မတီအစည်းအဝေး ကျင်းပ
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အမျိုးသမီးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ တောင်သူများထံသို့ ယူရီးယား ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆားမလောက်-ညောင်တုန်း လမ်းမပေါ်၌ ပေးအပ်ခဲ့သည်။
ရွှေဘိုမြို့၌ (၇၆)နှစ်​မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ 
Dec 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင် ​ရွှေဘိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၄)ရက်​နေ့တွင် ကျ​ရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ​ယမန်​နေ့နံနက် (၁၀)နာရီချိန် ကျောင်း​ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ငွေဆောင်မြို့ဌာနဆိုင်ရာများမှ မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု မရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်း စည်းကမ်းမဲ့အမှိုက်မစွန့်ပစ်စေရေး အတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများနှင့် ပူးပေါင်း၍ ယနေ့နံနက် (၈း၀၀)နာရီက မြို့အတွင်း လူစည်ကားရာနေရာများတွင် အများပြည်သူများအား စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောက်ကွင်းကျေးရွာတွင် အခြေခံစက်ချုပ်နည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်
Dec 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အောက်ကွင်းကျေးရွာတွင် ခရိုင်အသေးစား စက်မှုလုပ်ငန်းဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုတက်စေပြီး မိသားစုဝင်ငွေ တိုးတက်ရရှိစေရန် ရည်ရွယ်၍ အခြေခံစက်ချုပ်နည်းပညာ သင်တန်းကို ယမန်နေ့နံနက် (၁၁) နာရီ အချိန်က အောက်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်သည်။
မိုးညှင်းမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပ
Dec 28,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်စေချင်းခံရသော ကလေးအလုပ်သမား ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထား၀ယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်” အဖြစ်ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံပြပွဲကျင်းပ
Dec 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ “(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်”အဖြစ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲကစားနည်းများ၊ စာအုပ်စာစောင်နှင့်နံရံကပ်ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပသည်။
မြင်းခြံတက္ကသိုလ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်
Dec 28,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံတက္ကသိုလ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။