အရာတော်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

အရာတော် ဒီဇင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတွင် ဝန်ထမ်းများ နိုင်ငံဝန်ထမ်းနည်းဥပဒေများကို သိရှိလိုက်နာနိုင်စေရန်၊ အောင်မြင်စွာ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ယနေ့နံနက် ၁ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် "နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့သည်။    

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက မိမိရုံးရှိဝန်ထမ်းများ စာဖတ်စွမ်းရည်မြင့်မားလာစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ရုံးလုပ်ငန်းများကို သိရှိနားလည်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရရခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက်ဝန်ထမ်းများက နိုင်ငံဝန်ထမ်းနည်းဥပဒေများ စာအုပ်တွင် ပါရှိသော အခန်း() ခွင့်ခံစားခြင်း၊ အခန်း(၁၄) ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာ အခြေခံမူများ၊ အခန်း(၁၅) ဝန်ထမ်း စည်းကမ်းဆိုင်ရာပြစ်မှုများ စသည့် အကြောင်းအရာများကို အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်