သတင်းများ

ဆည်တော်ကြီး ဆည်ရေထုတ်လွှတ်မှုကြောင့် ချောင်းမကြီးချောင်း အနီးရှိကျေးရွာများရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ် ကားလမ်းရေကျော်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ယမန်နေ့က ရေဝင်ရောက်မှုများပြားလာသည့်အတွက် ရေထိန်းညှိလျှော့ချခြင်းများ ပြုလုပ်ခဲ့သည့်အတွက် ချောင်းမကြီး အနီးရှိကျေးရွာများ ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ်ကားလမ်း မိုင်တိုင်အမှတ် ၂၄/၄နှင့် ၅ ကြားတွင် ရေကျော်လျက်ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့ ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော
Oct 13,2023
ကရင်ပြည်နယ်​ ကော့ကရိတ်ခရိုင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယ​နေ့နံနက်၁၀ နာရီချိန်က ကျောင်းသူကျောင်းသားများကို ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတ ရရှိစေရေး ရည်ရွယ်၍ သဘာဝ​ဘေးအန္တရာယ် ကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် နွားနို့တိုက်ကျွေးရေးအစီအစဥ်များ ဆက်လက် ဆောင်ရွက်
Oct 13,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ကအ.မ.က(ရိုးရွာ)ကျောင်းတွင်  ဆောင်ရွက်ခဲ့ကြသည်။
မိုင်းပန်မြို့နယ်၌ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၌ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။
လှိုင်းဘွဲမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Oct 13,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က လှိုင်းဘွဲမြို့ အမှတ်၊(၅) အခြေခံပညာ မူလတန်း (လွန်)ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီး ဌာနရုံး၊ အမှုတွဲခန်း (ကျောက်တိုက်) ဖွင့်ပွဲ အခမ်းအနားကျင်းပ
Oct 13,2023
 မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၇လမ်း၊ ၁၀၆x၁၀၇ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၊ အမှုတွဲခန်း (ကျောက်တိုက်) ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၈ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Oct 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် Clean and Green School ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၁)နာရီက အ.ထ.က(မိုင်းဆတ်) မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။