မြို့သစ် ဒီဇင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များ၏ ကျန်းမာရေးအား တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်သည့်အနေဖြင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်း မာရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံဝန်ထမ်း (အငြိမ်းစား) များအား သွေးတိုး၊ ဆီးချို၊ နှလုံးကျန်းမာရေးအား အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ထိုသို့ စမ်းသပ်စစ်ဆေးပေးရာတွင် မြို့သစ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အပတ်စဥ် (ဗုဒ္ဓဟူးနေ့)တိုင်း မြို့နယ် ပြည်သူ့ဆေးရုံဝင်းရှိ သံဃာဆောင်၌ နံနက် ၉ နာရီမှ ၁၂ နာရီအထိ နိုင်ငံဝန်ထမ်း (အငြိမ်းစား) များအား သွေးခုန်နှုန်း တိုင်းတာခြင်း၊ အဖျားတိုင်းခြင်းများ ဆောင်ရွက်ကာ လိုအပ်သည့်စမ်းသပ်ချက်များအပေါ် အခမဲ့စစ်ဆေးကုသပေးခဲ့ပြီး ဆေးဝါးများ ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)