သတင်းများ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီး လက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်
Oct 14,2023
(၄၉)ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီးလက်ဝှေ့ပြိုင်ပွဲတွင် တံခွန်စိုက်ဒိုင်းဆုဆွတ်ခူးရရှိခဲ့သော တနင်္သာရီတိုင်းဒေသကြီး လက်ဝှေ့အဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၁နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
မင်းတပ်မြို့၌ စုပေါင်းသန့်ရှင်းရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Oct 14,2023
မင်းတပ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံတွင် စစ်နယ်မြေမှူး၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ စုပေါင်းသန့်ရှင်းရေးနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ယနေ့နံနက် (၇)နာရီခွဲအချိန်တွင် ကျင်းပသည်။
သရက်မြို့ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ အခမ်းအနားမှူးသင်တန်း ဖွင့်လှစ်
Oct 14,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီပ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ကျင်းပရာ ဌာနဆိုင်ရာများမှ ဝန်ထမ်း (၂၆) ဦး တက်ရောက်ခဲ့ကြသည်။
သဲကုန်းမြို့နယ်အတွင်း မိုးစပါး စံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်
Oct 14,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း မိုးစပါးများ အထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ၊ တောင်သူဦးကျော်ဝင်းစိန်၏ ထိုင်းနှံကောက်မိုးစပါး (၅)ဧကတွင် တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစိုပျှမ်းမျှ (၁၁၀)တင်း ထွက်ရှိကြောင်း သိရသည်။
ညောင်ဦးမြို့နယ် တက်မရေနံမြေ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး
Oct 14,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တက်မရေနံမြေ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်(EMP) ရေးဆွဲခြင်းနှင့်ပတ်သက်၍ တက်မရေနံမြေလုပ်ငန်းရှင်များနှင့် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးရဲထွန်း(ညွှန်ကြားရေးမှူး)နှင့် တွေ့ဆုံခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်မှ ရေတာရှည်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Oct 14,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊  ရေတာရှည်မြို့နယ် သန့်ရှင်းသာယာလှပရေးအတွက်  စနစ်တကျ စည်းကမ်းဖြင့် အမှိုက်စွန့်ခြင်း၊ မလိုအပ်သည့် ခြုံနွယ်၊ သစ်ပင်များအား ရှင်းလင်းခြင်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ မြို့နယ် ပြည်သူ့ဆေးရုံတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် အဖွဲ့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး (၂/၂၀၂၃)၊ လူငယ် ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်
Oct 14,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးခန်းမ၌ ကျင်းပ သည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) အစည်းအဝေးသို့တက်ရောက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရခိုင်ပြည်နယ် လူငယ်ရေးရာကော်မတီတို့၏ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်း အစည်း အဝေးသို့ တက်ရောက်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) တက်ရောက်
Oct 14,2023
စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ သဘာ၀ဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ပြင်ဆင်ထားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၃)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။