သတင်းများ

ကျောက်ဖြူမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူး သင်တန်း(၁/၂၀၂၃)ဆင်းပွဲအခမ်းအနားပြုလုပ်
Oct 14,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့်ပိုင်းက အဆိုပါဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ထွေ/အုပ် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး၊ လူနာများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်
Oct 14,2023
ချင်းပြည်နယ်၊ ဟားခါးမြို့ စစ်ဗျူဟာအခြေချ(ဟားခါး)မှ အရာရှိ၊ စစ်သည်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဟားခါးပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးစိုးလွင်မိုး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ကျော်စိုးဝင်းနှင့် စစ်ဗျူဟာအခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဟိန်းထက်အောင်တို့က သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
မိုးညှင်းမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသိပညာပေးဟောပြော
Oct 14,2023
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က စုပေါင်းရုံးရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ ခရိုင်အုပ်ချုပ်ရေးမှူး ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Oct 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း Campaign ပြုလုပ်
Oct 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ လိုက်လံဝေငှပေးခြင်း Campaign ကို ယနေ့နံနက် ၉ နာရီက မြို့မဈေးနှင့် လမ်းဆုံ၊ လမ်းဂွ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုည ဒသမ တစ်ပေခန့်) ဆက်လက် ရေကျော်ကျ
Oct 14,2023
မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ယနေ့ နံနက်ပိုင်းတွင် (သုည ဒသမ တစ်ပေခန့်)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Oct 14,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ‌မန်နေ့မွန်းလွဲ ၃ နာရီက စာ‌ပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။
ဒေသထွက် ပုဇွန်လုံးကျော်များ ရောင်းချချိန်ဖြစ်၍ မိသားစုအတွက် အဆင်ပြေ
Oct 14,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိရိုးဖလာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် မြစ်ရေနှင့်အတူ အင်းများအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး  ယင်းရေများကျဆင်းချိန်တွင် အင်းများအတွင်း လယ်ပုဇွန်အများအပြား ပေါက်ဖွားကျန်ရှိခဲ့ရာ ဒေသခံအချို့က ဖမ်းယူကာ ပုဇွန်ကြော်ပြုလုပ်ရောင်းချကြရာ မိသားစုအတွက် ဝင်ငွေရရှိချိန်ဖြစ်သည်။