သတင်းများ

မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီနိုင်းပိုစတာကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း Campaign ပြုလုပ်
Oct 14,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဗီနိုင်းပိုစတာများ ကပ်ခြင်းနှင့် လက်ကမ်းစာစောင်များ လိုက်လံဝေငှပေးခြင်း Campaign ကို ယနေ့နံနက် ၉ နာရီက မြို့မဈေးနှင့် လမ်းဆုံ၊ လမ်းဂွ လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။
မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (သုည ဒသမ တစ်ပေခန့်) ဆက်လက် ရေကျော်ကျ
Oct 14,2023
မကွေးတိုင်းဒေသကြီး၊  မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ ယနေ့ နံနက်ပိုင်းတွင် (သုည ဒသမ တစ်ပေခန့်)ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Oct 14,2023
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယ‌မန်နေ့မွန်းလွဲ ၃ နာရီက စာ‌ပေချစ်မြတ်နိုးသူများနှင့် Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။
ဒေသထွက် ပုဇွန်လုံးကျော်များ ရောင်းချချိန်ဖြစ်၍ မိသားစုအတွက် အဆင်ပြေ
Oct 14,2023
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံများအနေဖြင့် မိရိုးဖလာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် မြစ်ရေနှင့်အတူ အင်းများအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး  ယင်းရေများကျဆင်းချိန်တွင် အင်းများအတွင်း လယ်ပုဇွန်အများအပြား ပေါက်ဖွားကျန်ရှိခဲ့ရာ ဒေသခံအချို့က ဖမ်းယူကာ ပုဇွန်ကြော်ပြုလုပ်ရောင်းချကြရာ မိသားစုအတွက် ဝင်ငွေရရှိချိန်ဖြစ်သည်။
လားရှိုးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် တောင်ကျရေများစီးဆင်းကာ ရေမြောင်းများတွင် အမှိုက်များပိတ်ဆို့မှုဖြစ်ပွားသဖြင့် ဖယ်ရှားရှင်းလင်း
Oct 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြို့တွင်းရေမြောင်းများအတွင်းသို့ အမှိုက်များစီးဝင်ကာ ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။
လားရှိုးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် လယ်မြေအချို့ ရေနစ်မြုပ်မှု ဖြစ်ပွား
Oct 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများ ကြောင့် နမ့်ယော်ချောင်း ရေကြီးရေလျှံမှု ဖြစ်ပွားကာ လယ်မြေအချို့ ရေနစ်မြုပ်ခံခဲ့ရကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်၌ (Community  Centre)ခန်းမတွင် ပုံပြောပြိုင်ပွဲကျင်းပ
Oct 14,2023
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍  ပုံပြောပြိုင်ပွဲကို ယမန်နေ့က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community  Centre)ခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။
မြို့သစ်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေ
Oct 14,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြို့သစ်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာဈေးရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။