သတင်းများ

ပခုက္ကူတက္ကသိုလ်၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အထောက်အကူပြု ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲ ပြုလုပ်
Dec 27,2023
မ‌ကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူတက္ကသိုလ်၌ အခြေခံပညာရေးကဏ္ဍမြှင့်တင်ရေးနှင့် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အထောက်အကူပြုဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ယနေ့ နံနက် ၉နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
သရက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြို့မဈေးကြီးတွင် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်
Dec 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြို့မဈေးကြီးတွင် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့မဈေး အပြင်နှင့်အတွင်းသို့တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဖိတ်ကြားထားသည့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ကြသည်။
သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 27,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၆၂x၄၀ လမ်းထောင့်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်ပြီးစီးခဲ့သော မဟာအောင်မြေမြို့နယ် ၆၂လမ်း၊ ၃၅လမ်းမှ ၁၀၁(သိပ္ပံ)လမ်းအထိ နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားအား ကျင်ပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ(ဥက္ကဌ) မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း အင်အား (၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။
မြိတ်မြို့တွင် ပင်စင်လစာထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများအား ဆန်နှင့်ဆီကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးပြီး အခမဲ့ကျန်းမာရေးစစ်ဆေးကုသပေး
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ပင်စင်လစာထုတ်ယူကြသည့် အငြိမ်းစားဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်အနီး၌ ဆန်နှင့်ဆီကို သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးပြီး ဘဏ်အနီးရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲမှဖွင့်လှစ်ထားသည့် အခမဲ့ဆေးကုခန်းတွင် အခမဲ့ကျန်းမာရေးဆေးစစ် ကုသပေးသည်။
နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၃ -၂၀၂၄ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Dec 27,2023
မန္တလေးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ယနေ့နံနက်(၈)နာရီခွဲအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အဆိုပါနည်းပညာ တက္ကသိုလ်(ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းကောင်စီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 27,2023
ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ အခြေခံပညာအထက်တန်းကျောင်းခွဲ၌  ကျင်းပပြုလုပ်သော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီက မင်္ဂလာဒီပရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေး
Dec 27,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်အရ ကျွန်းစုမြို့နယ်တွင် ပင်စင်လစာခံစားနေသော နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ယနေ့နံနက်(၈)နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ်အတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။