ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ပရိယတ္တိသာသနာပါလက အာဂုမ်ပြန်ရေးဖြေစာပွဲတော်ကြီးအောင်လက်မှတ် ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားကျင်းပ

ပင်းတယ ဒီဇင်ဘာ ၂၇

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ပွေးလှမြို့၊ ကျောက်တောကျောင်း၌ ဒီဇင်ဘာလ (၂၃) ရက်မှ (၂၇) ရက်နေ့အထိ (၅) ရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့သည့် (၆၇) ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၉) ကြိမ်မြောက် အာဂုမ်စာပြန်ပွဲတော်ကြီး အောင်မြင်စွာပြီးမြောက်သည်ဖြစ်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ်လှူဒါန်းခြင်းနှင့် တရားတော်နာမင်္ဂလာအခမ်းအနားအား ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အဆိုပါကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာပွဲတော်တွဲဖက်အကျိုးတော်ဆောင် ဘဒ္ဒန္တပဏ္ဍိစ္စအရှင်သူမြတ်မှ အောင်ဂါထာ ရွတ်ဖတ်ပူဇော်၍  စာပွဲတော်အောင်သံဃာတော်များအား အောင်လက်မှတ်များကို တာဝန် ရှိသူများက ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ကြွရောက်တော်မူလာကြကုန်သော  သံဃာတော်အရှင်သူမြတ်များအား အလှူငွေနှင့် လှူဖွယ်ဝထ္ထုပစ္စည်းများကို ဒေသစီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာများမှ စာရေးတံမဲချလှူဒါန်းခဲ့ပြီး၊ စာဖြေစာပြန်ပွဲအောင်သံဃာတော်များအတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မိသားစုက အလှူငွေကျပ် (၁၀) သိန်းကို ဆက်ကပ်လှူဒါန်းပေးခဲ့သည်။

ဆက်လက်၍ ပင်မှီတောရကျောင်းဆရာတော်ဘုရားကြီးအား ကန်တော့ကြပြီး ငါးပါးသီလ ခံယူဆောက်တည်ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ ကာ  "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌထု " သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ သည်။ 

ယနေ့တွင် ကျင်းပပြုလုပ်သည့် (၆၇) ကြိမ်မြောက်စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၉) ကြိမ် မြောက်အာဂုမ်စာပြန်ပွဲတော်ကြီးတွင် ဓနုဒေသအတွင်း ကျောင်းတိုက်အသီးသီး ရှိ သံဃာတော်များမှ မူလငယ်တန်းအဆင့်၊မူလကြီးတန်းအဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့်တို့တွင်စာပြန်စာဖြေဝင်ရောက်ဖြေဆိုသည့် သံဃာစုစုပေါင်း ၇၉၀ ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ ၇၃၆ ပါး အောင်မြင်ခဲ့ကြောင်းနှင့် အဆိုပါ (၆၇) ကြိမ်မြောက် စာလျှောက်မေးပွဲတော်ကြီးနှင့် (၆၉) ကြိမ်မြောက် အာဂုမ်စာပြန်ပွဲတော်ကြီးအား ဈေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်းတယ (ပြန်/ဆက်)