သတင်းများ

မိတ္ထီလာမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဒုတိယအကြိမ်မွမ်းမံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Dec 23,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ(ဒုတိယအကြိမ်မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မွေကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။  
မအူပင်မြို့တွင် ဒီဇင်ဘာစတုတ္ထပတ် လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ပြည်သူတစ်ရပ်လုံး စိတ်လက်ကြည်လင်ပြုံးပျော်ရွှင် ဉာဏ်ရည်ထက်မြက် ကျန်းမာဖို့အတွက် ဆေးဝါးမပါ အကုန်အကျသက်သာ နေ့စဉ်နေ့တိုင်း လမ်းလျှောက်ပါ ဆောင်ပုဒ်နှင့်အညီ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာစတုတ္ထပတ်လူထုအား ကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။
မြန်အောင်၌ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲ ကျင်းပ
Dec 23,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီအချိန်က မြန်အောင်မြို့ ပြည်သူ့ရင်ပြင်ရှေ့မှစတင်၍ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းခင်းစီမံချက် အဆင့် (၂)ဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကျင်းပ
Dec 23,2023
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သုံးခွမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့် ၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် ပြီးမြောက် အောင်မြင်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုလဲကျေးရွာ အ-ထ-က ကျောင်းခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
မုဒုံမြို့၌ ရော်ဘာ အဖူးလှီး၊ အဖူးကူးနည်းသင်တန်းဆင်းပွဲ ကျင်းပ
Dec 23,2023
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများမှ အခြေခံကျသော အသက်မွေး ဝမ်းကျောင်းပညာတစ်ရပ်ဖြစ်သည့် ရော်ဘာ အဖူးလှီး၊ အဖူးကူးနည်းပညာများကို သင်ကြာပေးခဲ့ရာ ယမန်နေ့က နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ)တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့သည်။
မလှိုင်မြို့၌ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကျင်းပ
Dec 23,2023
မလှိုင်မြို့၌ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲများကို တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေး၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်နိုင်စေရန်စသည့်ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစုရပ်မှ မြို့မအားကစားကွင်းအထိ အသွား/အပြန် (၃)မိုင်ခန့် စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်းသိရသည်။
ထန်းတပင်မြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလ(စတုတ္ထပတ်)စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲ
Dec 23,2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ပထမအပတ်မှစတင်၍ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက စတုတ္ထမြောက်ရက်သတ္တပတ်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို    ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် စုပေါင်း ဆင်နွှဲခဲ့သည်။
တွံတေးမြို့ စည်ပင်သာယာစျေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Dec 23,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် တွံတေးမြို့ စည်ပင်သာယာစျေးအား ယမန်နေ့နံနက် ၉ နာရီအချိန်က စည်ပင်သာယာစျေး မီးဘေးလုံခြုံရေးအတွက် မီးသတ် ရေကန်များ၊ ရေစုကန်များ၊ မီးချိတ်၊ မီးကပ်၊ရေပုံးသဲပုံးထားရှိထားမှုနှင့် မီးသတိမူရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။