သတင်းများ

ကန့်ဘလူမြို့ယူရီးယားဓာတ်‌မြေဩဇာ ဖြန့်ဖြူးရောင်းချပွဲနှင့် တောင်သူနည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
Oct 18,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပွဲနှင့် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းကို အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက မြို့မစိုက်ပျိုးနည်းပညာပေးစင်တာ (KC)ခန်းမ တွင် ကျင်းပခဲ့သည်။
ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေး
Oct 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်းကို အောက်တိုဘာလ (၂)ရက်နေ့မှ စတင်၍ အောက်တိုဘာလ (၂၇)ရက်နေ့အထိ ရက်သတ္တပတ်လေးပတ်ကြာ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မန်တုံမြို့နယ် မူလတန်းကြိုကျောင်း ဉာဏစွမ်းရည်ပြိုင်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Oct 18,2023
ကလေးများ၏ ကာယ၊ ဉာဏစွမ်းရည်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က ကျင်းပပြုလုပ်သည်။
မြန်အောင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား (၁၇၉၀)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Oct 18,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် အထက် ဘိုးဘွား(၁၇၉၀)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို အောက်တိုဘာလ ၁၆ ရက်နေ့က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေး
Oct 18,2023
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝများဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရရှိခဲ့သည့် ရေဖြူကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ကျေးရွာနေပြည်သူများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်းကို အဆိုပါကျေးရွာတွင် တာဝန်ရှိသူများက ထုတ်ချေးပေးသည်။
တောင်ကြီးမြို့၌ Hotel-Training (Housekeeping)နှင့် Hotel-Training (Waiter & Waitress) သင်တန်းဆင်းပွဲ ကျင်းပ
Oct 18,2023
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ရှမ်းပြည်နယ်အတွင်း ကျောင်းပြင်ပ ရောက်ရှိနေသော အသက် ၁၆ နှစ်မှ ၁၈ နှစ်အောက်ရှိ လူငယ်မောင်မယ်များအား မိသားစုအတွက် သင့်တော်ကောင်းမွန်သည့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် Hotel-Training (Housekeeping)နှင့် Hotel-Training (Waiter & Waitress)သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက တောင်ကြီးမြို့နယ်၊ ပန်သခွါးကျေးရွာရှိ ပါရမီဖွံ့ဖြိုးရေး ကွန်ယက်၊ စွန်းတီထင် ဘက်စုံဖွံ့ဖြိုးရေးရိပ်သာတွင် ကျင်းပပြုလုပ်သည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး ရိတ်သိမ်းခြွေလှေ့စက်များဖြင့် ရိတ်သိမ်းနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး
Oct 18,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့နံနက်ပိုင်းက ရေကြီးနစ်မြှုပ်ခဲ့သည့် မိုးစပါးစိုက်ခင်းများအား ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရေး တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရိတ်သိမ်းခြွေလှေ့စက်များဖြင့် မိုးစပါးရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်း ကျင်းပဆွေးနွေး
Oct 18,2023
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူ အချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပသည်။