သတင်းများ

ပေါက်တောမြို့နယ် ဆင်တက်မော် IDP စခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး
Oct 17,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ဆင်တက်မော် IDP စခန်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နေ့လယ်ပိုင်းက မြေပြင်ကွင်းဆင်း၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့  လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Oct 17,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့တွင် အမျိုးသမီးများဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို မြို့ဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိုးဖိုကျေးရွာတွင် ကွန်ကရစ်လမ်းဖွင့်ပွဲနှင့် လုပ်ငန်းလွှဲပြောင်းအပ်နှံခြင်းအခမ်းအနားပြုလုပ်
Oct 17,2023
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးM;စီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဖြင့် အိုးဖိုကျေးရွာတွင်  ရွာတွင်းလမ်းများ  ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနူန်းပြည့် ပြီးစီးအောင်မြင်ခဲ့သဖြင့် လမ်းဖွင့်ပွဲနှင့် လုပ်ငန်းများအပ်နှံခြင်း  အခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါကျေးရွာ ကွန်ကရစ်လမ်းပေါ်နှင့် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် လူထုအခြေပြုဗဟိုဌာန၌ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်
Oct 17,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ကျောင်းသူ/သား ကလေးသူငယ်များ အသိပညာဗဟုသုတတိုးပွားပြီး ကာယဉာဏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Oct 17,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုး၏ လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဝါမျိုးစုံစိုက်ဧက ၄၂၈၆၈ ဧက စိုက်ပျိုးပြီးစီး
Oct 17,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ ဝါမျိုးစုံစိုက်ဧက ၄၂၈၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျောက်တော်ကြီးဘုရားပွဲတော်ရက် မတိုင်မီကပင် စည်ကားလျက်ရှိ
Oct 17,2023
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုတ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရင်း၊ သုဓမ္မာဇရပ်အနီးတွင် တည်ထားကိုးကွယ်တော်မူသော ကျောက်တော်ကြီးဘုရားပွဲသည် ပွဲရက်မတိုင်မီ ဘုရားဖူးသူများ၊ ဈေးဝယ်၊ ဈေးသည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့ ဆက်သွယ်ထားသော မြို့ချင်းဆက်လမ်း၌ ပျက်စီးနေသည့် လမ်းပိုင်း(၃)နေရာအား ပြန်လည်ပြုပြင်ပေး
Oct 17,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ ဒေသအတွင်း ဖွံ့ဖြိုးဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိလမ်းများ ကောင်းမွန်ရေး ဘဏ္ဍာနှစ်အလိုက် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ မန္တလေးတိုင်းဒေသကြီး ပြင်ဆင်ထိန်းသိမ်းခြင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့ ဆက်သွယ်ထားသော မြို့ချင်းဆက်လမ်း၌ ပျက်စီးနေသည့် လမ်းပိုင်း(၃)နေရာအား ပြန်လည်ပြုပြင်ပေးလျက်ရှိကြောင်း သိရသည်။