မက်မန်း ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ ကွန်ဟောင်းကျေးရွာ၌ ခရစ်စ္စမတ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မက်မန်းမြို့နယ်အတွင်းရှိ ဌာနေတိုင်းရင်းသားများအနေဖြင့် ဒေသခံပြည်သူများနှင့်အတူ ခရစ်စ္စမတ်နေ့အား အေးချမ်းပျော်ရွှင်စွာဖြင့် ဆုတောင်းဝတ်ပြုခြင်းများ ဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်အတွင်းရှိ နေအိမ်များအား ကောင်းချီးမင်္ဂလာဆုတောင်းသီချင်းများ လိုက်လံသီဆိုခြင်း၊ မိတ်ဆွေသင်္ဂဟများအား ထမင်းဟင်းများ ဧည့်ခံကျွေးမွေးခြင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်းနှင့် ဆုများချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့အပြင် ခရစ်စ္စမတ်နေ့၌ ပျော်ပွဲရွှင်ပွဲအဖြစ် တေးသီချင်းများသီဆိုခြင်း၊ အပြန်အလှန် လက်ဆောင်ပစ္စည်းများ လဲလှယ်ခြင်းများဖြင့် ခရစ်စ္စမတ်နေ့အား ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)