တောင်တွင်းကြီး နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်ကြီးမြို့နယ်အတွင်းရှိ စားသုံးဆီအရောင်ဆိုင်များနှင့် သိုလှောင်ထားရှိသည့် နေရာများတွင် အိမ်နီးချင်းနိုင်ငံမှ တရားမဝင် တင်သွင်းရောက်ရှိလာသည့် ပုစွန်တံဆိပ်ပါ စားသုံးဆီများအား ဈေးကွက်အတွင်းရောင်းချမှု ရှိ/မရှိကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ခိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးရဲမြင့်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာစိုးမိုးဝင်းနှင့် တာဝန်ရှိသူများကပူးပေါင်း၍ မြို့မဈေးအတွင်း ရောင်းချလျက်ရှိသည့် စားသုံးဆီအရောင်ဆိုင်များ၊ စင်တာများတွင် ရောင်းချလျက်ရှိသည့် စားသုံးဆီ အရောင်ဆိုင်များနှင့် ဆီသိုလှောင်ထားသည့် နေရာများသို့သွားရောက်၍ တရားမဝင် တင်သွင်းရောက်ရှိလာသည့် ပုစွန်တံဆိပ်ပါ စားသုံးဆီများကို တင်သွင်းခွင့်မရှိစေရေးနှင့်ရောင်းချမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ရောင်းချမှုမရှိစေရေးနှင့် ရောင်းချပါက လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်းတို့ကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ကိုကို