တာချီလိတ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှုး ဦးသန်းဇော်ဦးက လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် လူငယ်စကားဝိုင်း ကျင်းပသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး ဦးစီးအရာရှိ ဒေါ်အေးအေးလတ်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ Grade-11 ကျောင်းသူ မမိုးပွင့်ပွင့်အောင်က “လူငယ်နှင့်အောင်မြင်ရေး”၊ ကျောင်းသား မောင်ရှိုင်းသန့်ထက်က “လူငယ်နှင့်ကျန်းမာရေး”၊ မောင်ထက်အာကာက “လူငယ်နှင့်ပညာရေး” နှင့် Grade-10 ကျောင်းသူ မဂျူးဂျူးမေဦးက “လူငယ်နှင့်စာဖတ်ခြင်း”စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသော မေးမြန်းချက်များကို ဦးဆောင်ဆွေးနွေးသူတို့က ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)