တောင်တွင်းကြီး နိုဝင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး ကဗျာရွတ်ဆိုပြိုင်ပွဲကိုကျင်းပရာ မြို့မအခြေခံပညာအလယ်တန်းကျောင်း၊ Grade-3 မှ ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးက မိမိတို့ကြိုက်နှစ်သက်ရာ ကဗျာခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲအပြီးတွင် ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ခြင်းအကျိုး ပုံပြင်အား ပြောကြားပေးခဲ့ပြီး ပြိုင်ပွဲသို့ မြို့မ အခြေခံပညာအလယ်တန်းကျောင်း၊ Grade-3 မှ ကျောင်းသား၊ ကျောင်းသူ (၆၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ကို (ပြန်/ဆက်)