ကွန်ဟိန်း နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် စစ်ဗျူဟာအခြေချ (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းနိုင်နှင့်အဖွဲ့သည် ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ယနေ့ နံနက် ၁၀နာရီခွဲခန့်က လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။
စစ်ဗျူဟာအခြေချ (ကွန်ဟိန်း) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်နှင့် အဖွဲ့တို့က စာကြည့်တိုက်ရှိ စာအုပ်များ ခင်းကျင်းထားရှိမှု၊ ကလေးစာဖတ်ခန်းနှင့် Mini Museum လူထုအခြေပြုဗဟိုဌာနတို့အား လာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထိုနောက်ဝန်ထမ်းများနှင့် တွေ့ဆုံကာ လမ်းညွှန်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လိုအပ်သည်များကို တင်ပြခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)