ကော့မှူး၌ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကျင်းပ

ကော့မှူး နိုဝင်ဘာ  ၁၃

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်မုတ်ကျွန်းတာ (သရက်တောအပိုင်း) သရက်တောကျေးရွာအုပ်စု၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မုတ်ကျွန်းတာ  ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်အပါအဝင် အခြားအဖျက်အမှောက် လုပ်ငန်းများကြောင့် တာတမံအောက်ဘက်ရှိပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ရေဘေးအန္တရာယ်ကျရောက်ပြီး ပျက်စီးဆုံးရှုံးရခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကြိုတင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါရေဘေးကာကွယ်ရေး သရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ကျေးရွာနေပြည်သူများ စုစုပေါင်း (၃၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)