သံတောင်ကြီးမြို့နယ်တွင် ထောပတ်သီးများ အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရှိ
Jul 31,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးမှုအဖြင့် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သော ထောပတ်သီးပင်များကို မိမိတို့ဥယျာဉ်ခြံများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။ ယခုအချိန်တွင် ထောပတ်သီးများပေါ်ချိန်တွင် အထွက်နှုန်း လျော့နည်းသော်လည်း ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။