သတင်းများ

ပေါက်ခေါင်းမြို့နယ် ဝက်တိုးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်
Jul 31,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ကျောင်းကျန်းမာရေးရက်သတ္တပတ်လှုပ်ရှားမှုအနေအဖြစ် ကျောင်းကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်းများကို ဝက်တိုးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဇူလိုင်လ ၂၈ ရက်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၌ "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဗီဒီယို(၂)ခုအား ကျောင်းသား၊ ကျောင်းသူများသို့အသိပညာပေး ပြသ
Jul 31,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီမံညွှန်ကြားမှုအရ အခြေခံပညာအထက်တန်းကျောင်း၊ သပြေဆောင်ခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးမှူးရုံးနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ပူးပေါင်းပြီး "ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေး" ဗီဒီယို(၂)ခုအား ကျောင်းသား၊ ကျောင်းသူများသို့ အသိပညာပေးပြသခဲ့ကြောင်းသိရသည်။
မိုင်းတုံမြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် မဲဆန္ဒရှင်များ အသိပညာပေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Jul 31,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်များဖြင့် မဲဆန္ဒရှင်များ အသိပညာပေး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လစဉ်ပုံမှန်အစည်းအဝေး ကျင်းပ
Jul 31,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် လစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မင်းဘူးမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 31,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 31,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အေးချမ်းမွန်ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ သူ့ထက်သာ ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ လင်းလက်အိမ်ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Jul 31,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က  စာဖတ်ရှိန်မြှင့်တင်ရေး ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ သဘာဝဘေးခံစားခဲ့ရသည့် ကုန်းစောင်းကျေးရွာ နေပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးနှင့် မြေနေရာသစ် ရှာဖွေခြင်း ကွင်းဆင်းဆောင်ရွက်
Jul 31,2025
‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ ကုန်းစောင်းကျေးရွာသည် အိမ်ထောင်စု(၃၉)စုလူဦးရေ (၂၀၀)ကျော် နေထိုင်လျက်ရှိပြီး ဇူလိုင်လ ၂၅ ရက်မှ  ၂၈ ရက်နေ့ အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဝင်ပြီး လူနေအိမ်(၂၀)လုံး မျှောပါပျက်းစီးမှုများဖြစ်ပေါ်ခဲ့သည်။