သတင်းများ

ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ် အသုံးပြုနည်း အမှတ်စဉ်(၂/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်လှစ်
Jul 31,2025
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း အမှတ်စဉ်(၂/၂၀၂၅) ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကော့ကရိတ်မြို့ ဒေါနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့ သောင်ရင်းမြစ်ရေ ဒုတိယအကြိမ် ပြန်လည်မြင့်တက်၍  ရေဘေးကယ်ဆယ်ရေးစခန်း (၈)ခုရှိ ရေဘေးသင့်ပြည်သူ (၄၂၀၀) ဦးအားအုပ်ချုပ်/ထောက်ပံ့၊ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 31,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ သောင်ရင်းမြစ်ရေအမှတ်သည်(၃၀-၇-၂၀၂၅)ရက်နေ့ညနေ ၄ နာရီအချိန်အထိ(၁၃၄၀) စင်တီမီတာသို့ရောက်ရှိပြီး စိုးရိမ်ရေမှတ်အထက် (၃၇၇) စင်တီမီတာသို့ ပြန်လည်​ရောက်ရှိ၍မြေနိမ့်ပိုင်းရှိ ​ရေဘေးသင့်ပြည်သူများမှ ရေဘေးကယ်ဆယ်ရေးစခန်း(​၈)ခုတွင် ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
ပူတာအိုခရိုင်၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုများပြုလုပ်
Jul 31,2025
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို)နှင့် ပူတာအိုခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ငလျင်အန္တရာယ်နှင့်ကြုံတွေ့လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ(၃)နာရီခွဲက အဆိုပါသင်တန်းကျောင်း (ပူတာအို)၌ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jul 31,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများရရှိရေး၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ်စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စောင်များ သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသထွက်မျှစ်များ လှိုင်လှိုင်ပေါ်ချိန်၌ ဈေးနှုန်းကျဆင်း
Jul 31,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ သစ်၊ ဝါးများ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိရာ မိုးတွင်းအချိန်တွင် သဘာဝအတိုင်းအလေ့အထ ပေါက်သည့်ရာသီစာ မျှစ်များ ချိုးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းဆောင်ရွက်
Jul 31,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက်အလက်မှတ်တမ်းများကို e-IDစနစ်ဖြင့် လုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ သရက်ချောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးသည်။
ထားဝယ်မြို့တွင်ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်
Jul 31,2025
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊  တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံအင်ဂျင်နီယာချုပ်၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့် မြို့နယ်တာဝန်ခံတို့သည် ယမန်နေ့ မွန်းလွဲပိုင်းက ဆန်းချီတိုးချဲ့ရပ်ကွက်၊ ခရေလမ်းရှိ ထားဝယ်ခရိုင်/မြို့နယ်၊ ဦးစီးအရာရှိ (မြို့ပြ) ရုံးရှေ့ရေစီးရေလာကောင်းမွန်စေရေးအတွက် အုတ်စီရေမြောင်း လုပ်ငန်းဆောင်ရွက်နေမှုအား ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ အားကစားနှင့်ကာယပညာ(သိပ္ပံ) မိုးလုံလေလုံ အားကစားရုံသစ်ဖွင့်ပွဲနှင့် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
Jul 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အားကစားနှင့်ကာယပညာ(သိပ္ပံ) (၁၂၀'×၉၀') မိုးလုံလေလုံ အားကစားရုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါအားကစားရုံသစ်ရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြကြောင်း သိရသည်။