စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ်ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မုံရွာ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာ မြို့ပေါ်ရှိ အဆင့်မြင့်ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခ ချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အခမ်းအနားသို့တက် ရောက်လာသူများမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် ဌာနပေါင်းစုံ အမျိုးသား၊ အမျိုးသမီး မီတာ ၈၀၀၊ မီတာ ၄၀၀၊ မီတာ ၂၀၀၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲများနှင့် အလျားခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အားကစား သမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးမှ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး တရားသူကြီးချုပ်မှ အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အားကစား သမားများအားလည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီး၏ဇနီးမှ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအားပေး အပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသ ကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၏ ဇနီးမှ ဒုတိယဆု၊ တတိယဆုရရှိကြသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအား ပေးအပ် ချီးမြှင့်ခဲ့ကြသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးမှ အမျိုးသမီး မီတာ ၂၀၀ အပြေး ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာ တရေးရာဝန်ကြီးမှ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုရရှိကြသူ များအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ 

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးမှ အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆု ရရှိကြ သူများအား လည်းကောင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်မှ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲ တွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့် ငွေသားဆုများအား လည်း ကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီးမှ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆု ရရှိကြသူများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် အတွင်း ရေးမှူး၏ ဇနီးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။     

ဆက်လက်ပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် မုံရွာစီးပွားရေးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်ကျောင်းတို့မှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များက အမျိုးသား၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲများနှင့် အမျိုးသမီး အလျားခုန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများ အား ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး (ပြန်/ဆက်)