သတင်းများ

ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (Grade-5) မြို့နယ်အဆင့်သင်တန်း ဖွင့်လှစ်ပို့ချ
Dec 26,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်စေရန်နှင့် သင်ခန်းစာများကို ကျွမ်းကျင်စွာသင်ကြားပေးနိုင်ရန် ရည်ရွယ်၍ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade-5 မြို့နယ်အဆင့်သင်တန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ဒီဇင်ဘာလူထုအားကစားလ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့က မြို့နယ်အားကစား ကွင်း ရှိမိုးလုံလေလုံခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Dec 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်(၁) ရပ်ကွက်ရှိ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်း၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ခရစ္စမတ်ပွဲတော်ကာလ ခရစ်ယာန်အသင်းတော်များတွင် ခရစ္စမတ်အထူး ဆုတောင်းဝတ်ပြုပွဲများ ပြုလုပ်
Dec 26,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ခရစ္စမတ်ပွဲတော်ကာလတွင် ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ အသင်းတော်အသီးသီးတို့က မိမိတို့၏ ဘုရားကျောင်းများ၊ သာသနာဝင်းများတွင် ခရစ္စမတ်ပွဲတော် အထူးဆုတောင်းဝတ်ပြုပွဲများ ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် အခြေခံ ဂဟေဆက် သင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပ
Dec 26,2023
မန္တလေးမြို့တွင် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ သင်တန်းမှရရှိသည့် အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ရန်၊ မိသားစုစားဝတ်နေရေးအဆင်ပြေစေရန်၊ အခမဲ့ဖွင့်လှစ်ပေးသော သင်တန်းမှရရှိသည့်အတတ်ပညာဖြင့် အသက် မွေးမှု ပြုလုပ်နိုင်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော အခြေခံ ဂဟေဆက်သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (မန္တလေး)၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ် မြို့မဈေးကြီးတွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ငှက်ပျောဖက်၊ အင်ဖက်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး
Dec 26,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်ဦးဆောင်မှုဖြင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး ငှက်ပျော်ဖက်၊ အင်ဖက်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းအချိန်က မြို့မဈေးကြီးအတွင်း/အပြင်၌ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့သစ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်
Dec 26,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းများ မြို့သစ်မြို့မစျေး၌ ယမန်နေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
သာစည်မြို့နယ် မြေစိုကျေးရွာတွင် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး
Dec 26,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် မြေစိုကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် သံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။