ကျွန်းလှမြို့နယ်၌ စားဖိုဆောင်သီးနှံ ဧက ၈၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းရာသီအတွင်း စားဖိုဆောင်သီးနှံ ဧက ၈၀၀ ကျော်စိုက်ပျိုးပြီးစီး ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ ၅၇၄ ဧက စိုက်ပျိုး ရန် လျာထားသော်လည်း လက်ရှိအချိန်အထိ  ၈၆၁ ဧက စိုက်ပျိုးနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ ဒေသမှာက ချောင်းရေ၊ မြေအောက်ရေတင်ပြီး ရာသီအလိုက် ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံစိုက်ပျိုးကြပါတယ်။ အခုအခါ တချို့ သီးနှံတွေ ဆွတ်ခူးရောင်းချနေရပြီး မိသားစုဝင်ငွေ ရရှိသလို ဒေသခံပြည်သူများ အလုပ်အကိုင်ရရှိနေကြပါတယ်” ဟု ရှမ်းစုကျေးရွာ ဟင်းသီး ဟင်းရွက်စိုက်ပျိုးသူတောင်သူတစ်ဦးက ပြောသည်။

အဆိုပါ စားဖိုဆောင်သီးနှံ စိုက်ပျိုးသည့် ဝောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက GAP နည်းစနစ်ဖြင့် စိုက်ပျိုးရေး၊ ပိုးမွှားကျရောက်မှု ကာကွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ