သတင်းများ

ပုံပါကျင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Dec 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နေ့လယ် (၁၂)နာရီအချိန်က အမှတ်(၁)ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စွမ်းအားမြှင့် မီးဖိုများအခမဲ့ဖြန့်ဝေ
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာလက်ဒေသများရှိ ပြည်သူများ လောင်စာထင်းသုံးစွဲမှုကို လျှော့ချခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်၊ တောင်သူ လယ်သမားများနှင့် ကျေးလက်နေပြည်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ အသိပညာပေးရန်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟုသုတများအား မြှင့်တင်ပေးရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုရေးဦးစီးဌာနက မြို့နယ် အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများအား စွမ်းအားမြှင့်မီးဖိုများ အခမဲ့ဖြန့်ဝေးပေးလျက်ရှိကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနများ ထောက်ပံ့လှူဒါန်း
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား အာဟာရဒါနများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့ နံနက် (၉) နာရီ က မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်တလုံးကြီးမြို့တွင် ပဲစင်းငုံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်
Dec 26,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ နေထိုင်ကြသော ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး သနပ်ဖက်၊ ပြောင်း၊ ထောပတ်၊ လိမ္မော်၊ ကြက်သွန်၊ သခွား၊ ပဲစိုက်ပျိုးခြင်းနှင့် အခြားသီးနှံများအား စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ပဲစင်းငုံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ဓာတ်အားလိုင်းကြိုးပေါ်ရှိ သစ်ကိုင်းများအား ဆက်လက်ခုတ်ထွင်ရှင်းလင်း
Dec 26,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးအတွက် မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ ဝန်ထမ်းများက ဓာတ်အားလိုင်း ကြိုးပေါ်ရှိ သစ်ကိုင်းများအား ဒီဇင်ဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့ပေါ်လမ်းမကြီးတစ်လျှောက်တွင် ဆက်လက်ခုတ်ထွင် ရှင်းလင်းခဲ့ကြသည်။
မိုးညှင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Dec 26,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရကျွေးမွေးမှုအား လိုက်လံကြည့်ရှုအားပေး
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ယူရာတွင် မြန်ဆန်စေရေးနှင့် အာဟာရ ကျွေးမွေးမှုအား လိုက်လံကြည့်ရှုအားပေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ်၌ အခြေခံစာတတ်မြောက်ရေးသင်တန်းတွင် သင်ကြားပို့ချနေခြင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ကြည့်ရှုအားပေး
Dec 26,2023
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေကုန်းကျေးရွာအုပ်စု၊ ရေပြာကျေးရွာရှိ ရေပြာရွာဦးဘုန်းတော်ကြီးကျောင်းတွင် အခြေခံစာတတ်မြောက်ရေးသင်တန်း၌ သင်ကြားပို့ချနေခြင်းများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် ကြည့်ရှုခဲ့သည်။