ဖျာပုံမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး

ဖျာပုံ ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လွတ်လပ်ရေး ကျောက်တိုင်ဝန်း သန့်ရှင်းရေး ဆောင်ရွက်မှု၊ လုံခြုံရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ကျွေးမွေးဧည့်ခံခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ရမည့် အစီအစဥ်များအား ဌာနအလိုက် လုပ်ငန်းများ ရှင်းလင်းပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် အစီအစဥ်များအား ရှင်းလင်းဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဖြည့်စွက် ဆွေးနွေးမှာကြားခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)