ကျွန်းလှမြို့၌ ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ

ကျွန်းလှ ဒီဇင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ သီတင်းသုံး တော်မူသော သံဃာတော်များအား ယနေ့ နံနက် ၇ နာရီခွဲတွင် ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်းလောင်းလှူကြကြောင်း သိရသည်။

အဆိုပါ ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) စာချ၊ စာသင်ဆရာတော် သံဃာတော်အပါး ၇၀ ကျော်တို့အား ကျွန်းလှမြို့ပေါ်ရပ်ကွက်နေ ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းလောင်းလှူကြ ကြောင်း သိရသည်။

ထို့အပြင် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စရပ်များ အဆင်ပြေရန်အတွက် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ကျောင်းသားနှင့် ကျောင်းသူ ဟောင်းများ၊ ရပ်ဝေးရပ်နီး အလှူရှင်များ၊ ဒေသခံပြည်သူများက အလှည့်ကျ အာရုဏ်ဆွမ်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရ သည်။

မျိုးဝင်းညို ကျွန်းလှ