အိမ်မဲမြို့နယ် တကော-ဝါးသမိန်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

အိမ်မဲ ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း) ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန ရန်ပုံငွေ ဖြင့် ဖြူစင်သူကုမ္ပဏီနှင့် ခြူးဝတီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တကော-ဝါးသမိန်လမ်း (အပိုင်း၁)နှင့် အပိုင်း(၂) ကျောက်ချောခင်း ခြင်းလုပ်ငန်းအား‌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်မှ (၂၄.၁၂.၂၀၂၃)ရက်နေ့တွင်  လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါ ကျေးရွာချင်းဆက်ကျောက်ချောလမ်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၅)ရွာ၊ အိမ်ခြေ(၅၈၅)နှင့် လူဦးရေ(၂၅၂၆)ဦးတို့အား အကျိုးပြုမည် ဖြစ်သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)