လပွတ္တာမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဒါနထောက်ပံ့ခြင်းလုပ်ငန်းများဆောင်ရွက်

လပွတ္တာ ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ထောက်ပံ့လှူဒါန်း ခြင်းများကို ယမန်နေ့ နံနက် (၉) နာရီက လပွတ္တာမြို့နယ်၊ အမှတ် (၄)ရပ်ကွက်ရှိ မြန်မာ့ စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ရေးမှူး ဦးသူရ၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဖြိုးဝေဟိန်းနှင့် တာဝန်ရှိသူများ ပါဝင်သော အဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာငွေ ထုတ်ယူလျက်ရှိသည့် အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ကျန်မာရေးစစ်ဆေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာခြင်းများကို ကြည့်ရှုခဲ့သည်။ ထို့နောက် အာဟာရဒါနအဖြစ် ဆီချက်ခေါက်ဆွဲ (၁၀၀) ဘူးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)