ပြင်ဦးလွင် နိုဝင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ဘိုးဘွားရိပ်သာ၊ ကျေးလက်ကျန်းမာရေးဌာန/ခွဲများနှင့် စိုးမိုးအိုင် ကျေးလက်ကျန်းမာရေးဌာန ခွဲနှင့် ရွာမကျေးရွာတို့တွင် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ပြည်သူများအား ဆီးချို၊သွေးချိုရောဂါ အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချို၊ သွေးချိုရောဂါ (know your rick know your response) ဆီးချို၊ သွေးချိုအန္တရာယ်ကာကွယ်ဖို့ ကိုယ်တိုင်သိရှိဆင်ခြင်စို့ အထိမ်းအမှတ်နေ့အဖြစ် ပြင်ဦးလွင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မကူးစက်နိုင်သောရောဂါ ကုသပေးသည့် ဆေးခန်းများ ဖွင့်လှစ်၍ ဆီးချို၊ သွေးချိုရောဂါ အခမဲ့ စစ်ဆေးစမ်းသပ်ပေးခြင်း၊ ဆေးဝါးများ ပံ့ပိုးပေးခြင်းများနှင့် ဆီးချို၊ သွေးချိုရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြသည်။
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချို၊ သွေးချိုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြင်ဦးလွင်မြို့နယ်အတွင်း ပြည်သူ့ကျန်းမာရေးဆေးခန်းနှင့် ကျေးလက်ကျန်းမာရေးဆေးခန်းတို့၌ အခမဲ့ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)