မဟာအောင် မြေမြို့နယ်၌ ဆီးချိုသွေးချိုရောဂါ အသိပညာပေးခြင်းနှင့် အခမဲ့စစ်ဆေး ဆောင်ရွက်

မဟာအောင်မြေ နိုဝင်ဘာ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာန ဦးဆောင် ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား ဆီးချိုသွေးချိုစစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများပံ့ပိုးပေးခြင်း၊ ဆီးချို သွေးချိုရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။

အဆိုပါ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းနွယ်၊ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါက်တာ သီတာဝင်းနှင့်အဖွဲ့၊ မဟာအောင်‌ မြေမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာချောချောနိုင်၊ ဦးစီးအရာရှိ ဒေါ်ဖြိုးအိစံနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း (၉၀)ဦးခန့်တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ (know your rick know your response) ဆီးချိုသွေးချိုအန္တရာယ်ကာကွယ်ဖို့ ကိုယ်တိုင်သိရှိဆင်ခြင်စို့ အထိမ်းအမှတ်နေ့အဖြစ် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်သင်းသင်း၊ လက်ထောက် ကျန်းမာရေးမှူး ဦးလှိုင်ဝင်းထွန်းတို့မှ ဆီးချိုသွေးချိုရောဂါနှင့်ပတ်သက်၍ တက်ရောက်လာသော အများပြည်သူများအား ကျန်းမာရေးအသိပညာပေးဟောပြောပို့ချခဲ့ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဆေးဝါးများ(အခမဲ့) ကုသပေးလျက်ရှိပြီး  နေ့စဉ် အစိုးရရုံးဖွင့်ရက်များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ပြသနိုင်‌ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ဇော်မင်း