ပင်လောင်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိ

ပင်လောင်း နိုဝင်ဘာ ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နန်းတုတ်ကျေးရွာအုပ်စုရှိ ပြည်သူများအား လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို မင်္ဂလာကွက်သစ်ရပ်ကွက် ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ ဆောင်ရွက်ပေးရာတွင် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ နိုင်ငံသားဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ပြည်သူလူထုအားလုံး၏ လက်ဝယ် ၌ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကို ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်(၂)ဖြင့် လူဦးရေအိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် လူဦးရေအိမ်ထောင်စုစာရင်းအသစ် ပြုလုပ်ပေးခြင်းကို နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့​​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)