လားရှိုး နိုဝင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံပြည်သူများအတွက် စေတနာရှင်အလှူရှင်များက ပေးပို့လှူဒါန်းသည့်ပစ္စည်းများကို ယမန်နေ့က ပရိဟိတအဖွဲ့များက အလှူရှင်များကိုယ်စား သွားရောက်ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အလှူရှင်များသည် ယာယီနေရပ်စွန့်ခွာသူများအတွက် အနွေးထည်၊ စောင်၊ မိုးကာ၊ ဖိနပ်အစရှိသည့်ပစ္စည်းများကို လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းထံမှတစ်ဆင့် ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့တွင် ယာယီနေရပ်စွန့်ခွာသူစခန်း ၁၃ နေရာခန့်ထိရှိနေပြီး နေရပ်စွန့်ခွာသူသူအများဆုံးမှာ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင်ဖြစ်ပြီး ကျန်နေရာများမှာ ကန်မိန်းပရိယတ္တိစာသင်တိုက်ကျောင်း၊ ဟိုပိတ်ဘုန်းကြီးကျောင်း၊ မန်အိုင်ဘုန်းကြီးကျောင်း၊ ဗောဓါရုံကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်၊ ရွှေပြည်အေးဓမ္မရိပ်သာ၊ ရွှေကျောက်ဂူကျောင်းတိုက်၊ ကက်သလစ်ဘုရားကျောင်း၊ စိန်ဂျွမ်းမေရီဗီယားဘုရားကျောင်း၊ လားဟူလူငယ်ရိပ်သာ၊ ဧဒင်ခရစ်ယာန်ကျောင်း၊ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတို့ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)