မိုင်းယုမြို့၌ လူငယ်ရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်

မိုင်းယု နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် လူငယ်ရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့ခတ္တအုပ်ချုပ်ရေးမှူး ဦးရှိုင်းပိုင်မှူးက လူငယ်ရေးရာနှင့်ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးအားချာက ဗလငါးတန်နှင့် ပြီးပြည့်စုံပြီး  လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးနှင့် အမျိုးသားရေး စိတ်ဓာတ်များ ရှင်သန်တက်ကြွရေးစသည့် အကြောင်းအရာများနှင့် (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြောင်းတို့ကို ဟောပြောခဲ့ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အမျိုးသားအောင်ပွဲနေ့အကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှု၊ ဗလငါးတန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် စာအုပ်စာစောင်များကို တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား ပြသပေးခဲ့ကြကြောင်း သိရသည်။

ကိုကိုနိုင်