ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အိုင်တီ (IT) နည်းပညာသုံး သင်ခန်းစာသင်ကြားမှု သင်တန်းဆင်းပွဲကျင်းပ
Dec 28,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကရင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျောင်းသင်ခန်းစာများသင်ကြားရေးတွင် ICT ပစ္စည်းများနှင့်နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရန်၊ သင်ကြားသင်ယူမှုပိုမိုမြန်ဆန်ထိရောက်လာစေရန် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများကို ဖျော်ဖြေမှုအတွက်သာမက သင်ကြားသင်ယူမှုပစ္စည်းအဖြစ် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သည့် အိုင်တီ(IT)နည်းပညာသုံး သင်ခန်းစာသင်ကြားမှု သင်တန်းဆင်းပွဲကို ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။