သတင်းများ

ကလေးဝမြို့၌ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Nov 02,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဉ်မှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီကစတင်၍ ‌ ဒေသခံပြည်သူများ၏ စားဝတ်‌နေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပပေါက်ဈေးထက် ထက်၀က်ခန့် သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့သည်။
အင်္ဂပူမြို့နယ်တွင် တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူခြင်း ဆောင်ရွက်
Nov 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီကအင်္ဂပူမြို့နယ်၊ ထန်းပင်ကန်‌ကျေးရွာအုပ်စု၊ သဇင်ကွင်းကျေးရွာတွင် စတင်ကောက်ယူခဲ့သည်။
ဝက်လက်မြို့နယ်တွင် ပြည်သူများထံ သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး
Nov 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နေပြည်သူများထံသို့ စားသုံးဆီ သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသောက်နိုင်‌စေရန် ယမန်‌နေ့ နံနက် ၈ နာရီက စတင်ကာ အမှတ်(၃)ရပ်ကွက် လမင်းဆီစက်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Nov 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးလောင်မှုလျှော့နည်းစေရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ပျက်ဆီးမှု လျှော့နည်းစေရန်ရည်ရွယ်ပြီး ယမန်နေ့နေ့လည်ပိုင်းက ကြံခင်းမြို့မဈေးနှင့် ဘက်ရဲမြို့မဈေးတို့တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြသည်။
မုံရွာမြို့၌၂ဝ၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကျင်းပ
Nov 02,2023
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့သည် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး ၊ မုံရွာမြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ပေး
Nov 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က တမူးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ်ဘက်ရဲမြို့တွင် တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူ
Nov 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ဘက်ရဲမြို့၊ အမှတ်(၁)ရပ်ကွက်တွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများ အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းက တိရစ္ဆာန်ကောင်ရေစာရင်း စတင်ကောက်ယူခြင်းလုပ်ငန်းများ​အား ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းလုပ်ငန်း လှုပ်ရှားမှု စတင်ဆောင်ရွက်
Nov 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးများ ဆောင်ရွက်ရာတွင် တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်း ထုတ်လုပ်မှုစာရင်းဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရန်နှင့် တိရစ္ဆာန်ကောင်ရေ တိုးပွားမှုဆိုင်ရာတွက်ချက်မှု စံနှုန်းများအား သုံးသပ်ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း လုပ်ငန်းလှုပ်ရှားမှုကို ယမန်နေ့ နံနက်ပိုင်းက ကျိုက်လတ်မြို့နယ်၊ ပန်းပဲစုကျေးရွာအုပ်စု၊ ပန်းပဲစုကျေးရွာတွင် စတင်ဆောင်ရွက်ခဲ့သည်။