သတင်းများ

ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် (၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်‌ရေးကတ်များ ပြုလုပ်ပေးအပ်
Dec 29,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လေ့ကျင့်‌ရေးအလယ်တန်းကျောင်းတွင် လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား၀န်ကြီးဌာန၊  ရန်ကင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၂)ဖြင့်  (၁၀)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ဒေးဒရဲမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ (အကြို) ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပ
Dec 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းတွင်း အားကစားပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(တောင်ငူ)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် The Project Show and Competition 2023 ပြိုင်ပွဲ အခမ်းအနား ကျင်းပ
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် The Project Show and Competition 2023 ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တက္ကသိုလ်ရှေ့ကွင်းရင်ပြင်၌ ကျင်းပသည်။
ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူ ကလေးငယ်များအား သဘာဝဘေးအန္တရာယ် ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပညာပေး
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကျောင်းသား/ကျောင်းသူကလေးများပါ သဘာဝဘေးအန္တရာယ်ဆိုင်ရာများအား သိရှိပြီး သတိပြုနိုင်ရန်အတွက် ရည်ရွယ်၍ ကလေးငယ်များအား သဘာဝဘေးအန္တရာယ်ကာကွယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ပညာပေးအစီအစဉ်(Kaeru Caravan)ကို ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်း အစည်းအဝေး (၃/၂၀၂၃) သို့ တက်ရောက်
Dec 29,2023
ချင်းပြည်နယ်အတွင်း ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်း/လုပ်ငန်းစီမံကိန်းလျာထားချက်များ ရှင်းလင်းတင်ပြခြင်းအစည်းအဝေး (၃/၂၀၂၃) ကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်အမှာစကားပြောကြားသည်။
ကဝမြို့၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan)လုပ်ငန်းများ ဆောင်ရွက်
Dec 29,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကလေးငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ကျရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေး (Kaeru Caravan) ကစားနည်း (၁၀) မျိုးဖြင့် ပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က  အ.ထ.က (ကဝ)ကျောင်း၊ ဆရာကျော့ခန်းမတွင် ပြုလုပ်ခဲ့သည်။
သာကေတမြို့နယ်တွင် မြန်မာအီလက်ထရွန်နစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 29,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အီလက်ထရွန်နစ် မဲပေးစက်ဖြင့် မဲပေးခြင်း အသိပညာပေးလုပ်ငန်းအား ဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ (၄) ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုရှိ မြို့နယ်လေးမြို့နယ်တို့၌ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရွန်နစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဥ်ကို တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆန်၊ ဆီ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်
Dec 29,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား နေ့စဥ်စားသောက်နေထိုင်ရေးတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဆန်၊ ဆီ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။