သတင်းများ

ကျွန်းစုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ကျွန်းစုမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် အာဆီယံကျေးရွာကွန်ယက်ထူထောင်ရေး ASEAN Village Network (AVN) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 29,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ASEAN Village Network (AVN)ဆောင်ရွက်နိုင်ရန် လိုအပ်သည်များ အကြံပြုဆွေးနွေးပွဲကျင်းပခြင်းကို ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ရုံးခန်းတွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ဆွေးနွေးပွဲကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့တွင် မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာထူထောင်ခြင်းလုပ်ငန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနားပြုလုပ်
Dec 29,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နိုင်ငံတော်မှ မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူ ကျေးလက်နေပြည်သူများအတွက် တစ်နိုင်တစ်ပိုင်မှသည် တစ်ရွာထုတ်ကုန်တစ်မျိုးအဆင့်အထိ ထုတ်လုပ်သွားနိုင်မည့် မြစိမ်း ရောင် (အသားကဏ္ဍ) မွေးမြူရေး ကျေးရွာများ ရွေးချယ်ပြီး အကောင်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြစိမ်းရောင် (အသားကဏ္ဍ) ကျေးရွာထူထောင်ခြင်းလုပ်ငန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ လွှဲပြောင်းပေးအပ် ခြင်းနှင့် စာချုပ်ချုပ်ဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသား၂ ယောက်တွဲ (အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Dec 29,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် (၇၆)နှစ်မြောက်လွတ်‌လပ်ရေးနေ့အထိမ်းအမှတ်အကြို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား၂ယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့က စတင်ယှဉ်ပြိုင် ကစားလျက်ရှိသည်။
ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများနှင့် မြစ်သားမြို့၊ ပလိပ်မြို့နယ်ခွဲတို့တွင်  စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
Dec 29,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှိအသင်းမှ ယမန်နေ့နံနက်ပိုင်းက lwin Maung Maung Co,Ltd ရည်ညွှန်းဈေး (၁)ပိဿာ ငွေ(၄၈၁၀)ကျပ်ဖြင့်  ဝယ်ယူရရှိသော စားအုန်းဆီများကို ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာများနှင့် မြစ်သားမြို့၊ ပလိပ်မြို့နယ်ခွဲများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 29,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်  အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ကော့သောင်းမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ကြားရေးဆိုင်ရာ အခွင့်အလမ်းရှင်းလင်းဆွေး‎နွေးပွဲ ပြုလုပ်
Dec 29,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကော့သောင်းမြို့၊အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတွင် တွဲဖက်ဖွင့်လှစ်သင်ကြား မည့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ ပညာသင်ကြားရေးဆိုင်ရာ အခွင့် အလမ်းရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပ
Dec 29,2023
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကိုအမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။