သတင်းများ

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆောင်ရွက်
Nov 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက် (၁၀) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်းဆောင်ရွက်
Nov 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရွာသာယာကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်း၌သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ အသိပညာပေးဟောပြောခဲ့ကြသည်။
ဗန်းမော်မြို့နယ် ခေတ်မီစံပြမံရေးကျေးရွာ၌ အခြေခံအိမ်တွင်းလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းဖွင့်လှစ်
Nov 15,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ခေတ်မီစံပြကျေးရွာရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်ပြီး အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခန့်က ဗန်းမော်မြို့နယ်၊ မံရေးကျေးရွာ၊ မြစိမ်းရောင် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ ဥာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြိုင်ပွဲများကျင်းပဆောင်ရွက်
Nov 15,2023
အနာဂတ်မျိုးဆက်သစ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ပြီး ဖြတ်ထိုးဉာဏ်ရင့်သန်လာစေရန်ရည်ရွယ်၍ စကားပုံဆက်ခြင်းနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့တွင် စာဖတ်ရှိန် မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များကို ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိ
Nov 15,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန် မြင့်မားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှ ရရှိသော ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များ စာအုပ်စာပေများကို လွယ်လင့်တကူ ဖတ်ရှုနိုင်စေရန် အတွက် အခြေခံပညာမူလတန်းကျောင်းသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ(၁)နာရီ အချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်
Nov 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community  Centre)  ဘက်စုံသုံးခန်းမနှင့် အနုပညာခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
ပျော်ဘွယ်မြို့နယ်ရုံး Community Centre ခန်းမတွင် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲကျင်းပ
Nov 15,2023
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်ရုံး Community Centre ခန်းမတွင်ပြုလုပ်သည်။
သာစည်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်
Nov 15,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ စာဖတ်ရှိန် မြင့်တက်လာစေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံလာစေရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြုလုပ်ကြောင်းသိရသည်။