ကန့်ဘလူ ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား နေ့စဥ်စားသောက်နေထိုင်ရေးတွင် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ဆန်၊ ဆီ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံပေးအပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ပင်စင်လာရောက် ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား တစ်ဦးလျှင် ဆန် ၂ ပြည်၊ ဆီ ၂၅ ကျပ်သားတို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ အဆိုပါနေ့က လာရောက်ထုတ်ယူသူ (ကိုယ်တိုင်/ကိုယ်စား) ၁၅၀ ဦးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)